MNP - ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းအတွင်ယနေ့နံနက် (၁၀)နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုပုံပြင်ပြောပြိုင်ပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ယမင်းလှိုင်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာဖတ်စွမ်းရည်တိုးတက်စေရန်၊ အသိအမြင်ဗဟုသုတများတိုးပွားစေရန် ၊ ကာယနှင့်ဉာဏဆိုင်ရာပြိုင်ပွဲများတွင် အများနှင့်ပါဝင်ယှဉ်ပြိုင်တတ်သည့်အလေအကျင့်များရရှိစေရန်၊ နှုတ်မှုစွမ်းရည်မြှင့်မားလာစေရန်နှင့် စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးမှုရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပပြုလုပ်ရာ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းမှ ပြိုင်ပွဲအသီးသီးတွင်ဆုရရှိခဲ့သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အာဟာရအဖြစ်မုန့်များကျွေးမွေးခဲ့ကြကြောင်းသိရသည်။
ဖြူလူသစ်
https://t.me/MyanmarNationalPost


No comments:
Post a Comment