ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ


MNP  -   ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးအောင်ကိုလွင်က လေလံစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။


ပြီးနောက် အရပ်ရပ်အခွင့်အရေးလိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချရာ လိုင်စင်အမျိုးအစားပေါင်း (၂၈)မျိုးအနက် လိုင်စင်(၁၅)မျိုးအား ရောင်းချနိုင်ပြီး စုစုပေါင်းငွေကျပ် (၂၂၁ ဒသမ ၉၀၀) သန်း ရရှိကြောင်းသိရသည်။


ထိုသို့ လိုင်စင်များရောင်းချရာတွင် မြို့မအမဲသားသတ်ခေါင်းခွန်ကောက်၊ ကြမ်းခင်းဈေး (၂၂ ဒသမ ၅၀၀) သန်းအား (၂၂၈ ဒသမ ၈၀၀) သန်းဖြင့် လည်းကောင်း၊ မြို့မဝက်သားသတ်ခေါင်းခွန်ကောက်၊ ကြမ်းခင်းဈေး (၂၂ ဒသမ ၀၀)သန်းအား (၂၂ ဒသမ ၁၀၀) သန်းဖြင့် လည်းကောင်း၊ မင်းယားဝက်သားသတ်ခေါင်းခွန်ကောက်၊ ကြမ်းခင်းဈေး (၁ ဒသမ ၅၀၀) သန်းအား (၁ ဒသမ ၅၅၀) သန်းဖြင့် လည်းကောင်း၊ ဖောင်းပြင်-ပိုးစာကုန်းကူးတို့၊ ကြမ်းခင်းဈေး (၄၀ ဒသမ ၀၀)သန်းအား (၈၇ ဒသမ ၅၀၀)သန်းဖြင့် လည်းကောင်း၊ သရောင်း- မင်းယားကူးတို့၊ ကြမ်းခင်းဈေး (၂၀ ဒသမ ၀၀၀)သန်းအား (၄၅ ဒသမ ၅၀၀)သန်းဖြင့် လည်းကောင်း၊ နတ်စက်- အိုးပိုကတောက်ကူးတို့၊ ကြမ်းခင်းဈေး (၁ ဒသမ ၀၀)သန်းအား (၁ ဒသမ ၀၅၀)သန်းဖြင့်လည်းကောင်း၊ နန်းမော်လိုက်- မိုင်းနွဲ့ကူးတို့၊ ကြမ်းခင်းဈေး (၀ ဒသမ ၅၀၀)သန်းအား (၀ ဒသမ ၅၀၀)သန်းဖြင့်လည်းကောင်း၊ မြို့မဈေးကောက်၊ ကြမ်းခင်းဈေး (၅ ဒသမ ၀၀၀)သန်းအား (၁၀ ဒသမ ၀၅၀)သန်းဖြင့် လည်းကောင်း၊ မြို့မအပေါင်ဆိုင်(၁)၊ ကြမ်းခင်းဈေး (၃ ဒသမ ၃၀၀)သန်းအား (၃ ဒသမ ၄၅၀) သန်းဖြင့် လည်းကောင်း၊ မြို့မအပေါင်ဆိုင်(၂)၊ ကြမ်းခင်းဈေး (၃ ဒသမ ၃၀၀) သန်းအား (၃ ဒသမ ၄၅၀)သန်းဖြင့် လည်းကောင်း၊ သရောင်းအပေါင်ဆိုင်၊ ကြမ်းခင်းဈေး (၀ ဒသမ ၅၀၀) သန်းအား (၀ ဒသမ ၅၀၀)သန်းဖြင့်လည်းကောင်း၊ မြို့မဈေးစက်ဘီးအပ်၊ ကြမ်းခင်းဈေး (၃ ဒသမ ၅၀၀)သန်းအား (၃ ဒသမ ၆၅၀)သန်းဖြင့် လည်းကောင်း၊ ယာဉ်ရပ်နားစခန်းဝင်ကြေးကောက်၊ ကြမ်းခင်းဈေး (၃ ဒသမ ၀၀၀)သန်းအား (၃ ဒသမ ၈၀၀) သန်းဖြင့်လည်းကောင်း၊ ကျွဲ၊ နွားပွဲဈေးကောက်၊ ကြမ်းခင်းဈေး (၁၀ ဒသမ ၀၀၀) သန်းအား (၁၀ ဒသမ ၆၀၀)သန်းဖြင့် လည်းကောင်း ဈေးပြိုင်စနစ်ဖြင့် အသီးသီး ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။


အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင်များကို ရောင်းချခြင်းမှ ရရှိသောဘဏ္ဍာငွေများဖြင့် စည်ပင်သာယာ ရေးအဖွဲ့နယ်နိမိတ်အတွင်း ပြည်သူလူထုတို့နှင့် သက်ဆိုင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာငွေပမာဏပိုမိုရရှိပါက ပြည်သူတို့အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ရှိသူထံမှသိရသည်။


ကိုထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)