ကြံခင်းမြို့တွင် မြို့နယ်အတွင်းနှင့်မြို့နယ်ကျော်တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော စားသောက် ကုန်များတွင် အရောင်တင်ဆီ၊ ခွင့်မပြုဆိုးဆေးများ သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် မြို့နယ်အတွင်းနှင့်မြို့နယ်ကျော်တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော စားသောက် ကုန်များတွင် အရောင်တင်ဆီ၊ ခွင့်မပြုဆိုးဆေးများ သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး




MNP   -    ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်ဈေးကွက် စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့နယ်အတွင်းနှင့် မြို့နယ်ကျော် တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော စားသောက်ကုန်များတွင်  အရောင်တင်ဆီ၊ ခွင့်မပြုဆိုးဆေးများသုံးစွဲရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်တို့တွင်  ကွင်းဆင်းဆောင်ရွက်ကြသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့များဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့မှတာဝနှ်ရှိသူများက ငါးပိ၊  ပုဇွန်ခြောက်၊  ငါးခြောက်၊  လက်ဖက်၊  ပဲလှော်၊  ငရုတ်သီးမှုန့်များနှင့်  ဈေးကွက်အတွင်းတရားမဝင်ဆေးဝါးနှင့် ဆေးဝါးအတုများ အားမြို့နယ်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကို ဈေးရောင်းချနေသော ဆိုင်ခန်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)