ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဘွဲ့တံဆိပ်တော်များရရှိသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဘွဲ့တံဆိပ်တော်များရရှိသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်




နေပြည်တော်၊ ဇန်နဝါရီ - ၂၄

     ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်း ပူဇော်သော ဘွဲ့တံဆိပ်တော်များရရှိသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ရှိ မြမဟာဓမ္မဗိမာန်တော်ကြီး၌ ပြုလုပ်ရာ မြစေတီစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာ  ကလျာဏယုဝအသင်း YMBA မှ တာဝန်ရှိသူများနှင့် ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း ခံရသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

     ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော် သည့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းခံရသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိက ဓဇနှင့် မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိကြသည့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ပေးအပ်ကြသည်။

     ယင်းနောက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူငွေကျပ်သိန်း ၅၀ ကို မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက ပေးအပ်လှူဒါန်းရာ စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။ ၎င်းနောက် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)