နှစ်ခြမ်းခွဲခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နှစ်ခြမ်းခွဲခြင်း



မဲလိမ်မဲခိုးပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရယူဖို့ကြိုးပမ်းခဲ့တဲ့ ပြည်ပသြဇာခံ အာဏာရူး NLD အစွန်းရောက်တွေကြောင့် မြန်မာပြည်မှာ အကွဲအပြဲဇာတ်လမ်းတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အမျိုးသားနဲ့ အကြောင်းပါပြီး အင်္ဂလိပ်ဓာတ်ကူးသွားတယ်ထင်ပ။ ကိုလိုနီနယ်ချဲ့တွေရဲ့ ဝါဒဖြစ်တဲ့ သွေးခွဲသပ်လျှိုနည်းကို သူမတူအောင် စွမ်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုနီနယ်ချဲ့အင်္ဂလိပ်ထက် ပိုပြီး ထူးကဲသွားတာတော့ ရှိတယ်။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့က တောင်တန်းပြည်မ ခွဲခြားအုပ်ချုပ်ခဲ့တယ်။ ဘာသာရေးမှိုင်းတိုက်ပြီး သွေးခွဲသပ်လျှိုခဲ့တယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်က တိုင်းရင်းသားလူမျိုးများကြား သွေးခွဲခြင်းသာ ဖြစ်တယ်။ 

ဒေါ်အောင်ဆန်းစုကြည် မှာ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ထက် ပိုပြီး ထူးကဲတဲ့အချက်ကတော့ မိသားစုတွေကို စိတ်ဝမ်းကွဲစေတယ်။ အဖွဲ့အစည်းတွေကို စိတ်ဝမ်းကွဲစေတယ်။ လူငယ်တွေကို အရိုင်းစိတ်သွင်းသွားခဲ့တယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမီနားခိုပြီး နိုင်ငံရေးမှာ လူတွင်ကျယ် လူတတ်ကြီးတွေ လုပ်ခဲ့ကြတဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေက လူငယ်တွေကို အမိုက်ဇာတ်သွင်းပြီး အကြမ်းဖက်သမားများအဖြစ်နဲ့ အသုံးချနေတယ်။ PDF အဖွဲ့ထဲ ရောက်ရှိသွားကြတဲ့ လူငယ်တွေမှာ  မူးယစ်ဆေးဝါးနဲ့ ဖျက်ဆီးခြင်းခံရပြီး ကိုယ့်ဘာသာတရားလည်း နားမလည်တော့ဘူး။ ကိုယ့်ဆရာသမားလည်း နားမလည်တော့ဘူး။ ကုန်ကုန်ပြောရရင် သူတို့ရဲ့ လုပ်ရပ်တွေကို မိဘဆွေမျိုးများက မထောက်ခံရင် မိဘဆွေမျိုးကိုတောင် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ လက်မရွံ့ ကြမ်းဖက်သမားတွေ ဖြစ်ကုန်ကြပြီ။ 

PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် သံဃာတော် (၇၁) ပါး သေဆုံးခဲ့ရတယ်။ ဆရာ/ ဆရာမ အပါအဝင် ပညာရေးဝန်ထမ်း ၆၇ ဦး သေဆုံးခဲ့ရတယ်။ မြန်မာ့လူမှုအဖွဲ့အစည်းမှာ ဘယ်တုန်းမှ ဖြစ်လိမ့်မယ်လို့ မထင်ထားတဲ့ အကြမ်းဖက်မှုတွေကို NLD တွေက ဦးဆောင်ပြီးတော့ လုပ်ဆောင်သွားခဲ့တဲ့ မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။

ပြည်သူတွေကို စိတ်ဝမ်းကွဲအောင် ဖန်တီးခဲ့တဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်ကလည်း တဖြည်းဖြည်းနဲ့ ပေါ်လာပါပြီ။ တော်လှန်ရေးအတွက်၊ PDF ကို ထောက်ပံ့ဖို့အတွက်လို့ ခေါင်းစဉ်တပ်ပြီး ကမ္ဘာအရပ်ရပ်မှာ အလှူခံနေတဲ့ ပုဂ္ဂိုလ်တွေဟာ တော်လှန်ရေးအတွက်မဟုတ်သလို PDF ကို လူကြားကောင်းရုံလောက်သာ ထောက်ပံ့ပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေကြတဲ့အတွက် အချင်းချင်း ရန်ဖြစ်နေကြပြီ။ PDF တွေမှာ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ အသုံးချခြင်းကို ခံရသော်လည်း ပြည်ပြေးဝရမ်းပြေးများဆီက ကူညီပံ့ပိုးမှုမရတဲ့ အခြေအနေမှာ လက်နက်ကိုင်ပြီး သူခိုး ဓားပြ လူရမ်းကားများ အဖြစ်နဲ့ အမိုက်ဇာတ်ခင်းနေရတဲ့ အခြေအနေမျိုးကို ရောက်လာကြတယ်။ တချို့ဆိုရင် PDF အမည်ခံပြီး တော်လှန်ရေးမလုပ်ဘဲ သူခိုး ဓားပြ လုပ်စားနေကြတဲ့ လုပ်ရပ်တွေကို မြင်လာရတယ်။ 

CDM လုပ်ကြလို့ လှုံ့ဆော်တဲ့အတွက် သူတို့ထောက်ခံတဲ့ ဝန်ထမ်းတွေ CDM လုပ်ခဲ့ကြတယ်။ CDM လုပ်ရင်းက ဘဝပျက်သွားကြတဲ့ သူတွေကို နည်းနည်းလေးမှ လှည့်မကြည့်ဘူး။ ယုံစားမိသမျှ ပုံမှားခဲ့ရတဲ့ ဘဝပေါင်းများစွာအတွက် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေမှာ တာဝန်ရှိတယ်။

သို့ပေသော် ဒေါ်စုထမီနားကိုခိုးပြီး နိုင်ငံရေးလုပ်စားသူများအနေနဲ့ ဘယ်သူ့ဘယ်သူကိုမှ တာဝန်ယူပါမယ်လို့ အာမခံထားတာ မရှိဘူး။ တာဝန်ယူစရာ မလို၊ တာဝန်ခံ စရာ မလို၊ ခေါင်းခံဖို့ မလိုတဲ့ အတွက်ကြောင့်လည်း သေချင်တဲ့သူ သေ၊ ဒုက္ခရောက်ချင်တဲ့သူ ရောက် တိုင်းပြည် အလုံးစုံပျက်သုဉ်းရေးကို ရေပတ်မဝင်အောင် လှုံ့ဆော်ခဲ့ကြတာပေါ့။ PDF တွေကို ဘယ်လို မျှော်လင့်ချက်တွေ ပေးခဲ့သလဲ၊ CDM တွေကို ဘယ်လို အိမ်မက်တွေ ပေးခဲ့သလဲ။ ပြန်ဆန်းစစ်ကြည့်လိုက်ရင် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ပုံကို ကွက်ကွက်ကွင်းကွင်း မြင်ကြပါလိမ့်မယ်။

ဒေါ်စုထမီနားခိုပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်သွားကြတဲ့ နိုင်ငံရေးလုပ်စားသူတွေပေးတဲ့ သင်ခန်းစာတွေကတော့ မကုန်နိုင် မခမ်းနိုင်ပါပဲ။ နိုင်ငံရေးလုပ်စားသူများရဲ့ အသုံးချခံဘဝများအဖြစ်နဲ့ ပျက်စီးဆုံးရှုံးခဲ့ရတာတွေကလည်း တန်ဖိုးအားဖြင့် ရေတွက်လို့တောင် မကုန်နိုင်ပါဘူး။ ဘယ်လိုမှ ကုစားဖို့ မဖြစ်နိုင်တော့ဘူး။ "အ လို့ ခံကြတယ်"လို့ သာ မှတ်ကြပေတော့။ နောက်နောင် နိုင်ငံရေးလုပ်စားသူများရဲ့ အသုံးချခံ မဖြစ်ရလေအောင်၊ ပြောတိုင်း ယုံတဲ့ ပုတ်သင်ညို လို မဖြစ်ရအောင် ကြိုးစားကြပါ။  ဒေါ်စုထမီနားခိုပြီး ပြည်သူတွေကိုအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ အသုံးချခဲ့ကြတဲ့ နိုင်ငံရေးလုပ်စားသူတွေရဲ့ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များရဲ့ သမိုင်းကို မော်ကွန်းထိုးပြီး  အနာဂတ် မြန်မာနိုင်ငံတော်မှာ ပြည်သူကို ချနင်းပြီး နိုင်ငံရေးလုပ်စားမယ့် အာဏာရူးတွေ မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲမှာ ခြေမချနိုင်အောင် မျက်စိကြီးကြီး နားကြီးကြီးထားပြီး ကာကွယ်တားဆီးကြပါလို့သာ တိုက်တွန်းရင်းဖြင့် . . . . .။  ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost


(မြန်မာနေရှင်နယ်ပို့စ် သို့ ပေးစာများ ဆက်သွယ်ပေးပို့လိုပါက ပေးပို့လိုသည့် အကြောင်းအရာကို တစ်စုတစ်စည်းတည်း ပြည့်စုံစွာ ရေးသားပြီး ပေးပို့သောအကြောင်းအရာနှင့် ဆက်စပ်သည့် ဓာတ်ပုံ၊ ဗွီဒီယို အထောက်အထားများနှင့်တကွ Viber, Telegram - 09692366274, 09668195528 သို့ ပေးပို့နိုင်ပါသည်။)




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)