ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်









MNP   -     ဖေဖော်ဝါရီ    ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်  မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို   ပေါင်မြို့နယ် ကဒါရပ်ကွက် မဂ်လာဈေးတွင်  ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


အဆိုပါဇာတ်တိုက်  လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင်   ပေါင်မြို့နယ်မီးသတ်ဦးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ   ဦးမြတ်ကိုကိုနှင့်   တာဝန်ရှိသူများက     ဈေးအတွင်းရှိ   ဈေးသူ/သားများအား မီးသတ်ဆေးဗူးအသုံးပြုနည်းများနှင့်    လက်တွေ့မီးငြိမ်းသတ်ခြင်းကိုသရုပ်ပြဆောင်ရွက်ခဲ့သည်။


ယင်းနောက် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ    ဦးမြတ်ကိုကိုနှင့်တာဝန်ရှိသူများက  ဈေးအတွင်းရှိ ဈေးတန်းများ၊စာသောက်ဆိုင်များ တွင် မီးဖိုအသုံးပြုနေမှုများ၊ဓာတ်ငွေ့မီးဖိုများနှင့်   လျှပ်စစ်မီးသုံးစွဲနေမှုများ အား  မီးများစနစ်တကျသုံးစွဲရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန် ၊ ဈေးတန်းများ၊စားသောက်ဆိုင်များတွင်  ထားရှိသည့်   မီးသတ်ဆေးဗူးများ သက်တမ်း လွန်မှုရှိ/မရှိ အခြေအနေများနှင့် လိုအပ်ချက်များအားလိုက်လံစစ်ဆေးခဲ့ပြီး မီးမလောင်ခင်ဆောင်ရွက်ရမည့်နည်းများ၊ မီးလောင်လျင် ဆောင်ရွက်ရမည့်နည်းလမ်းများကို လိုက်လံစစ်ဆေးခဲ့ပြီး မီးမလောင်ခင် ဆောင်ရွက်ရမည့်နည်းများ၊မီးလောင်လျင် ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောခြင်းများနှင့်သရုပ်ပြဆောင်ရွက်ခဲ့သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ၊မြို့နယ်သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ကြက်ခြေနီအသင်းဥက္ကဌနှင့် တပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့ဝင်များ ၊ဈေးသူ/သားများ   စုစုပေါင်းအင်အား (၇၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)