ကသာပညာရေးဒီဂရီကောလိပ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာပညာရေးဒီဂရီကောလိပ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကျင်းပ





MNP  -   ဖေဖော်ဝါရီ ၁၁

၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ် မိသားစု၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ပြိုင်ပွဲတွင် ကသာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက အမှာစကားပြောကြားရာတွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အစုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အဖွဲ့ဝင်များက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ပြိုင်ပွဲစည်းကမ်းများနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်း၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများမှ ပြိုင်ပွဲဝင်အသင်း(၈)သင်း၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။


ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ ပူးတွဲဒုတိယ၊ ပူးတွဲတတိယ ဆုများရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများအလိုက် ကျောင်းသား/ ကျောင်းသူလေးများက သီဆို၊ ကပြ၊ ဖျော်ဖြေပေးမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌတို့မှ ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


ကျော်စွာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)