စီးပွားရေးသံမှူးများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများအနေဖြင့် နိုင်ငံကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် အမျိုးသားနိုင်ငံရေးကို သစ္စာရှိရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် သစ္စာရှိရန် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီးပွားရေးသံမှူးများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများအနေဖြင့် နိုင်ငံကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် အမျိုးသားနိုင်ငံရေးကို သစ္စာရှိရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် သစ္စာရှိရန် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မှာကြား


MNP ၊ ဖေဖော်ဝါရီ ၁၀

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေး သံမှူးများကို ယမန်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ တွေ့ဆုံစဉ် အမျိုးသားနိုင်ငံရေးကို သစ္စာရှိရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် သစ္စာရှိရန် အထူးမှာကြားလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။


ဦးစွာ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီးပွားရေးသံမှူးများအဖြစ် သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်းများက ၎င်းတို့သွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီ မိတ်ဆက်တင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပရှိ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများ အားလုံးကို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောကြားလိုကြောင်း၊ ယခုလို စေလွှတ်သည့်နေရာတွင် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားပေးကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏စီးပွားရေးသည် ဒေသတွင်းနိုင်ငံများတွင် ရှိသင့်ရှိထိုက်သည့်နေရာတွင်ရှိလာစေရေးရည်မှန်းပြီး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခု စေလွှတ်လိုက်သည့် စီးပွားရေးသံမှူးများသည် ဝန်ကြီးဌာနငါးခုမှ အလယ်အလတ်ဝန်ထမ်းများ ဖြစ်သည့်အတွက် အတွေ့အကြုံနှင့် အတွေးအခေါ်များ အပြည့်အဝရှိကြမည်ဟု ယုံကြည်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုများတွင် ယင်းနိုင်ငံ၏ လက်ရှိအခြေအနေ တစ်ခုတည်းကိုမကြည့်ဘဲ နောက်ခံသမိုင်းကြောင်း များကိုလည်း လေ့လာရမည်ဖြစ်ပါကြောင်း၊ ယင်းတို့တွေးခေါ်မြော်မြင်သည့် စီးပွားရေးအမြင်များကိုလေ့လာပြီး မိမိနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ စီးပွားရေးသံမှူးများအနေဖြင့် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးကို လေ့လာကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို မိမိတို့ရောက်ရှိမည့်နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားလာစေရေး ကြိုးစားရမည်ဖြစ်ပါကြောင်း။


 မြန်မာနိုင်ငံအနေဖြင့်‌ လူ့စွမ်းအားအရင်းအမြစ်၊ ရေအရင်းအမြစ်၊ မြေအရင်းအမြစ်နှင့် အခြားသဘာဝ အရင်းအမြစ်အခွင့်အလမ်းများစွာရှိသည်ကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာစေရေး စီးပွားရေးသံမှူးများက ဆွဲဆောင်စည်းရုံးကြရမည် ဖြစ်ပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများသည် ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှု မဆုံးရှုံးရေးနှင့် အမြတ်ရရှိရေးသည် ၎င်းတို့အတွက် ဦးစားပေးသည်ကို သိရှိနားလည်ပြီး ၎င်းတို့၏အကျိုးစီးပွားကို မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့်ယှဉ်တွဲ၍ လုပ်ကိုင်လိုစိတ်ဖြစ်ပေါ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များကိုသိရှိအောင် ဆောင်ရွက်ပြီး တာဝန်ကျသည့် သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေးအချက်အလက်များကို လေ့လာကာ မိမိ နိုင်ငံ၏ စီးပွားရေးတိုးတက်လာစေရန် စီးပွားရေးသံမှူးများအနေဖြင့် အတွေးအမြင် ကျယ်ကျယ် ပြန့်ပြန့်သုံးသပ်ပြီး အစီရင်ခံစာများ ရေးသားပေးပို့ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် ဝန်ထမ်းသည် အမျိုးသားနိုင်ငံရေးကို သစ္စာရှိရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် သစ္စာရှိရန် အထူးမှာကြားလိုကြောင်း၊ ဝန်ထမ်းများအားလုံး ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန်နှင့် ရောက်ရှိသည့်နေရာမှ ရရှိသည့် ဗဟုသုတများကို အကျိုးရှိစွာ အသုံးချနိုင်ရေး လေ့လာဆည်းပူးကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)