ဆီဆိုင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ဘိန်းစိုက်ပျိုးမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ဘိန်းစိုက်ပျိုးမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြော



MNP   -   ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ဘိမ်းစိုက်ပျိုးမှုပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်က နားခိုက်ကျေးရွာအုပ်စု၊ ပန်အွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်ကျော်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ဘိမ်းစိုက်ပျိုးမှုပပျောက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြော၍ ဘန်းယဉ်နယ်မြေရဲစခန်းမှူး ရဲအုပ်ခွန်ကျော်ဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးဆိုင်ရာများကို ပအိုဝ်းဘာသာစကားဖြင့် အသိပညာပေးဟောပြောခဲ့သည်။


အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ဘန်းယဉ်နယ်မြေရဲစခန်းမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသား(၁၈၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။     


မျိုးမြတ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment