ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ ထောက်ပံ့ပေးအပ်


MNP   -   ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားပြီး စနစ်တကျ ကာကွယ်ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ထင်းလောင်စာလျှော့ချနိုင်ရေးအတွက် ဒေသခံပြည်သူများကို စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်း က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် နှစ်စဉ် သစ်တောစိုက်ခင်းများကို အကောင်အထည်ဖော်စိုက်ပျိုးခြင်း၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျေးရွာနေ ပြည်သူများ၏ သစ်၊ တိုင်၊ မျော၊ ထင်း စသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းပေးနိုင်ရေး ကျေးရွာသုံးသစ်တောစိုက်ခင်းများကို တည်ထောင်စိုက်ပျိုး ဆောင်ရွက် လျက်ရှိကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လှဲ၍ ထုတ်ယူသုံးစွဲခြင်းများကို ရှောင်ကြဉ်ကြစေလိုကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေ လိုကြောင်း ဆွေးနွေးဟောပြောသည်။


ထို့နောက် မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်နှင့် ထင်းလောင်စာသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် စွမ်းအားမြှင့်မီးဖို အလုံးရေ ၆၇၈ လုံးကို ဒေသခံပြည်သူများထံ ထောက်ပံ့ပေးအပ်ကာ စွမ်းအားမြှင့်မီးဖို၏ သုံးစွဲနည်းစနစ်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)