ဂန့်ဂေါမြို့တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ


MNP  -  ဖေဖေါ်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ(၁၃)ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က မြစ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဂန့်ဂေါခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်က အဖွင့်အမှာစကားပြောကြားပြီး ဂန့်ဂေါမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ABC ကဒ်သွင်းပြိုင်ပွဲ၊ ကခဂ ကဒ်သွင်းပြိုင်ပွဲ၊ အရောင်ရွေးချယ်ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် နှစ်သိမ့်ဆုရရှိသူများအား ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၏ဇနီး ဒေါ်စုမြတ်မွန်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့် တာဝန်ရှိသူများက ဆုများကိုပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်းနှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင် လှူဒါန်းပေးကြသည့် စေတနာရှင်/အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ချီးမြှင့်ခဲ့ပြီး မူလတန်းကြို ကျောင်းမှ သားငယ်၊ သမီးငယ်လေးများက ကလေးများနေ့ကဗျာ၊ Hello Hello ကဗျာ၊ ငှက်ကလေးကဗျာ၊ ညီနောင်ငါးဦးကဗျာ၊ ကိုကိုလူဆိုးကြီး တေးသရုပ်ဖော်အက၊  ဒုံးယိမ်းအက၊ ကောက် စိုက်ချိန်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။                                 


အဆိုပါ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ဂန့်ဂေါခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သီတာကြိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မောင်မျိုးမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment