မအီမြို့ ဂျီဖြူတောင် အ ထ က(ခွဲ)၌ ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) သန်ချဆေးများ တိုက်ကျွေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ ဂျီဖြူတောင် အ ထ က(ခွဲ)၌ ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) သန်ချဆေးများ တိုက်ကျွေးပေး




MNP   -     ဖေဖော်ဝါရီ     ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျေးများရှိ ကျောင်းသူ/ကျောင်းသားများအား  သန်ချဆေးများ တိုက်ကျွေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသူ/ကျောင်းသားများအား (ဒုတိယအကြိမ်) တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။


ထိုသို့ သန်ချဆေးများ တိုက်ကျွေးပေးခြင်းကို ဂျီဖြူတောင်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ သန်ကောင်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မူလတန်းအရွယ်မှ အထက်တန်းအဆင့်အထိ တစ်ဦးချင်းစီသို့ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် သန်ချဆေးတိုက်ကျွေးပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဂျီဖြူတောင်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများသို့ သန်ချဆေးတိုက်ကျွေးခြင်းများကို သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဂျီဖြူတောင် အ ထ က(ခွဲ)၌ ပထမအကြိမ် သံချဆေးတိုက်ကျွေးခြင်းကို ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်က ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်းတို့ကို အဆိုပါ ဂျီဖြူတောင်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးဆရာမ ဒေါ်ယဉ်မာဝင်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)