MNP - ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ ရရှိစေရန်နှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲကို ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီက မြို့လုလင်ကျေးရွာအုပ်စု ၊ မြို့လုလင်ကျေးရွာ ဆူးကောက်ကျောင်း မိဘမဲ့ပရဟိတဂေဟာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရင်မိုးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စံပယ်စန်းဝင်းက သဘာဝဘေးအန္တရာယ်(၈)မျိုး၊ သဘာဝဘေးအန္တရာယ် ကျရောက်ပါက ရှောင်ကြဉ်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်
https://t.me/MyanmarNationalPost
No comments:
Post a Comment