ဈေးနည်းသော်လည်း လူသုံးများသော အောင်သပြေကို တောင်သူများ အားထားစိုက်ပျိုးလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဈေးနည်းသော်လည်း လူသုံးများသော အောင်သပြေကို တောင်သူများ အားထားစိုက်ပျိုးလာ


MNP   -  ဖေဖော်ဝါရီ ၁၃

အောင်သပြေပန်းများသည် ဈေးအနည်းငယ် နည်းသော်လည်း ပိုးမွှားရောဂါဒဏ် ခံနိုင်သည့်အပြင် ဘုရားတင်၊ နတ်ဆက်၊ အလှူ၊ မင်္ဂလာ ပွဲလမ်းသဘင်များတွင် လူသုံးများသောကြောင့် သပြေပန်း အားထား စိုက်ပျိုးသူ များလာကြသည်။


အောင်သပြေပင် အောက်လက်များမှ သပြေပန်း ၁၀၀ စည်း တစ်စည်းလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး၊ ခေါင်ညွှန့် ၁၀၀ စည်း တစ်စည်းလျှင် ၁၅၀၀ ကျပ်ဈေးဖြင့် ရောင်းချရကာ ထိုင်းသပြေ၊ ပတ္တမြားသပြေ၊ အောင်သပြေဟူ၍ သုံးမျိုးရှိပြီး၊ ထိုင်းသပြေနှင့် ပတ္တမြားသပြေတို့သည် ဈေးကောင်းသော်လည်း လူသုံးနည်းကာ ပိုမွှားရောဂါ ကျရောက်မှုလည်း ပိုများသောကြောင့် ရောဂါဒဏ် ခံနိုင်သည့် အောင်သပြေကို ရွေးချယ် စိုက်ပျိုးလာကြကြောင်း သိရသည်။


"ကျွန်တော်ကတော့ ဒီသပြေပန်းစိုက်တာ ၆ နှစ်ရှိပါပြီ စစိုက်ပြီး ၂ နှစ်ခွဲ သုံးနှစ်ဆိုလျှင် စတင်ရောင်းချလို့ ရပါတယ်။ ဆောင်းတွင်းဘက်မှာ ရောင်းချလို့ ပိုကောင်းပြီး နွေရာသီမှာတော့ အပူဒဏ်လည်း ခံရသလို ဈေးလည်း အနည်းငယ်အေးပါတယ်။ အပင်ပေါင်း ၃၀၀၀ ကျော် စိုက်ပျိုးကာ တစ်နေ့လျှင် ၈၀၀၀၊ ၁၀၀၀၀ နေ့စဉ်ပုံမှန် ရနေသလို အမြဲမပြတ် ခူးနေသော်လည်း အစိုဓာတ်ရှိပါက ကိုင်းတက်များ ဝေဆာအောင် ထွက်နေတတ်သည်။ လူသုံးများကာ အိမ်စရိတ်အတွက် ပူစရာမလိုသော အောင်သပြေကို ကျွန်တော်တို့ စကုမြို့မှာ တိုးချဲ့စိုက်ပျိုး လာကြပါတယ်" ဟု စကုမြို့မှ သပြေပန်းစိုက်ပျိုးရောင်းချသူ ကိုအောင်ကျော်ထွန်းက ပြောသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment