(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အား/ ကာကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီး​မြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အား/ ကာကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီး​မြှင့်ပွဲအခမ်းအနားကျင်းပ




MNP    -    ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အား / ကာကော်မတီဥက္ကဋ္ဌဖလားဌာနဆိုင်ရာ  ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်၉နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။


ရှေးဦးစွာ ဗိုလ်လုပွဲကို မြို့နယ်မီးသတ်ဦးစီးဌာန ကိုယ်စားပြုအသင်းနှင့် မြို့နယ် Old Star အသင်းများတို့က ယှဉ်ပြိုင်ကစားကြရာ မြို့နယ် Old Star အသင်းများက ပထမရရှိပြီး မြို့နယ်မီးသတ်ဦးစီးဌာန ကိုယ်စားပြုအသင်းက ဒုတိယ၊ မြို့နယ်ပညာရေးမှူးရုံး ကိုယ်စားပြုအသင်းက တတိယရကြောင်းသိရသည်။


ထို့နောက်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ဝင်အသင်းများအား ​ကျောင်းသူလေးများက ပန်းစည်းများပေးအပ်ကာ ပထမဆုကို Old Star အသင်း၊ ဒုတိယဆုကို မြို့နယ်မီးသတ်ဦးစီးဌာန ကိုယ်စားပြုအသင်း၊ တတိယဆုကို မြို့နယ်ပညာရေးမှူးရုံး ကိုယ်စားပြုအသင်းတို့ကရရှိပြီး ပထမဆုနှင့် ဒုတိယဆုရရှိအသင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်ကဆုများချီးမြှင့်ပေးအပ်ပြီး တတိယဆုကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။


ကျော်စွာမိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)