ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပဒေသာကပွဲများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပဒေသာကပွဲများအား ကြည့်ရှုအားပေး



MNP   -   ဖေဖော်ဝါရီ ၁၃

 ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညပိုင်းတွင် ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဒေသာကပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြူးကြွသွက်လက်မြိုင်ဆိုင်စွာကပြဖျော်ဖြေကြသည့် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများ၊ ကရင်၊မွန်၊ရှမ်း၊ပအိုဝ်းစာပေနှင့်ယဉ် ကျေးမှုအသင်းများမှ ရိုးရာယဉ်ကျေးမှုအကအလှများ၊ ကရင်ရိုးရာယဉ်ကျေးမှုတူရိယာများဖြင့် တီးခတ်သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment