ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြှိမ်းသတ် သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြှိမ်းသတ် သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်




MNP   -   ဖေဖော်ဝါရီ ၁၃

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြှိမ်းသတ်သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်ရှေ့တွင် ကျင်းပပြုလုပ်သည်။


အဆိုပါ မီးငြှိမ်းသတ်သရုပ်ပြခြင်းလုပ်ငန်းကို ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးညီညီအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင် (၈၀) ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အပေါ့စားမီးသတ်စက်(၁) လုံးတို့ဖြင့် သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။


မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြှိမ်းသတ်သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြေ့အောင်၊ အဖွဲ့ဝင်ဦးကျော်ဝင်း၊ အဖွဲ့ဝင်ယာယီရဲမှူး ဝင်းညွန့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ကြကြောင်း သိရသည်။


မောင်လုလင် 

 https://t.me/MyanmarNationalPost



No comments:

Post a Comment