ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိ



MNP ၊ ဖေဖော်ဝါရီ ၁၃ 

ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် အများပြည်သူများ အေးချမ်းစွာသွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များသည် လူ/ယာဉ် ဝင်ထွက်ခြင်းများ စစ်ဆေးဆောင်ရွက်နေစဉ် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် မသင်္ကာဖွယ်ရာ ဆိုင်ကယ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ချမ်းမင်း၏ လက်ကိုင်ဖုန်းအတွင်းမှ PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေကြောင်း အထောက်အထားများနှင့်တကွ စစ်ဆေးတွေ့ရှိရသဖြင့်  လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)