MNP - ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ တောင်သူပညာပေးဆွေးနွေးခြင်းနှင့်ဟောပြောပွဲကို ယမန်နေ့က တာကြန့်ကျေးရွာအုပ်စုရှိ နမ့်နော်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးက ကျေးရွာနေ တောင်သူအများစုသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်ဆောင်ရွက်ကြသဖြင့် လိုအပ်သည့်စိုက်ပျိုးရေးနည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးမြတ်စောမင်းနှင့် မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့တို့က နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပဲစင်းငုံသီးနှံ စိုက်ပျိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ရာသီချိန်မှန်စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး အတွက် သီးနှံပြုစုရေးနည်းလမ်းများအကြောင်း၊ သဘာဝမြေဆွေးပုံ ပြုလုပ်နည်းအကြောင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြသည်။
ယင်းနောက် တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး၊ တောင်သူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အားချာ
https://t.me/MyanmarNationalPost
No comments:
Post a Comment