များနေ့ အထိမ်းအမှတ် မူလတန်းကြိုကလေးငယ်များ၏ ကာယ ဉာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

များနေ့ အထိမ်းအမှတ် မူလတန်းကြိုကလေးငယ်များ၏ ကာယ ဉာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ








MNP    -     ဖေဖေါ်ဝါရီ ၁၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်း အမှတ်အဖြစ် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း မှကြီးမှူးကျင်းပသော ကလေးငယ်များ၏ ကာယ ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်တွင် မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲတွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကလေးငယ်များက အပြေးပြိုင်ပွဲ ၊ ခေါင်းအုံးရွက်ပြိုင်ပွဲ ၊ ဖားခုန်ပြိုင်ပွဲ ၊ကဗျာရွတ်ပြိုင်ပွဲနှင့်အခြားဉာဏစွမ်းရည်ပြိုင်ပွဲများကိုယှဉ်ပြိုင်ကြရာ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အိအိငြိမ်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အမျိုးသမီး ရေးရာ အဖွဲ့ မှ ဥက္ကဌ နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ဆုရရှိကြသည့် ကလေးငယ်များ အား ဆု များချီးမြှင့်ကြသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အိအိငြိမ်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ဆရာမများနှင့်ကလေးငယ်များ၊ မိဘများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)