ပုဏ္ဏားကျွန်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်


MNP    -    ဖေဖော်ဝါရီ ၁၄

        ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး အတွက် လူအားလုံး ဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့၊နံနက်ပိုင်းကစ၍ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာ အုပ်စုများတွင် အိမ်တိုင်ရာရောက် 

တိုက်ကျွေးပေးလျက်ရှိသည်။


     အဆိုပါဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကြီးကြပ်၍ ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပရိဟိတလူငယ်အသင်းအဖွဲ့တို့ပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့ အထိ၊ အိမ်တိုင်ရာရောက် တိုက်ကျွေး

ပေးလျက်ရှိသည်။


ဆင်ခြေထောက်ရောဂါသည် ခြင်မှတစ် ဆင့်ကူးစက်တတ်ပြီး၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်းတွင် အိုဗာမက်တင်(Ivermectin)၊ ဒီအီးစီ (DEC)၊ အယ်ဘန်ဒီဇော(Albendazole) ဆေးသုံးမျိုးပေါင်းစပ်သော ဆင်ခြေထောက် ရောဂါကင်းဝေးစေရေး သန်ချ ဆေးတိုက်ကျွေးခြင်းကို အသက်(၅)နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ ပြင်းထန်စွာ နာမကျန်ဖြစ်နေသူများမှအပ ကျန်လူအားလုံးကို အသက်အရွယ်နှင့်အရပ်အမြင့်(ပေ) အလိုက် ဆေးသုံးမျိုးပေါင်း ကုထုံးအညွှန်းအတိုင်း မိမိထံ ဆေးလာတိုက်သူများရှေ့တွင် တစ်ကြိမ်းတည်း 

သောက်ရမည်ဖြစ်ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment