ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၌ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးကူးစက်လောင်ကျွမ်း၊ လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၌ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးကူးစက်လောင်ကျွမ်း၊ လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး





MNP  -   ဖေဖော်ဝါရီ  ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၌ ယမန်နေ့ည(၉)နာရီ(၃၀)မိနစ်အချိန်ခန့်က မီး လောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်နှစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 


ဖြစ်စဉ်မှာ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၌ လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားနေကြောင်း ည(၁၀)နာရီ (၂)မိနစ်အချိန်က တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့လာသဖြင့်  ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး  ဦးမင်းသူဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၂၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ မီးငြှိမ်း သတ်ယာဉ်(၂)စီးနှင့် မီးသတ်ရေသယ်ယာဉ် (၂)စီးတို့ဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ည(၁၀) နာရီ (၁၈) မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၀) နာရီ(၃၅)  မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။ 


မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အနီးရှိဝါးထရံသို့ မီးကူး စက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ လူ/တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း၊ မီးဘေးသင့်ပြည်သူ (၇)ဦးမှာ နီးစပ်ရာဆွေမျိုးများထံတွင် ယာယီနေထိုင်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment