​ပေါက်တောမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်းတိုက်ကျွေးခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

​ပေါက်တောမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်းတိုက်ကျွေးခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိ





MNP  -  ဖေဖော်ဝါရီ  ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ​ပေါက်တောမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ်ပိုင်းမှစတင်၍  မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများတွင် အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ကျွေးလျက်ရှိကြောင်း​သိရသည်။


အဆိုပါ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို သောက်ခြင်းအားဖြင့် ဆင်ခြေထောက်ပိုးရှိသူများ၊ ရောဂါငုပ်နေသူများအတွက် ရောက်ဂါကုသပြီးရာရောက်ခြင်း၊ ရောဂါပိုးမရှိသူများ သောက်လျှင် ဆေးအာနိသင်ကြောင့် ရောက်ဂါကာကွယ်ပြီးသားဖြစ်သည့်အပြင်၊ သန်ကောင်၊ တုတ်ကောင်များကို နှိမ်နှင်းရာတွင်လည်း အလွန်ပင်ထိရောက်ပါကြောင်း ပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နုဦးခင် ထံမှ သိရသည်။ 


ထို့နောက် ကာကွယ်ဆေးသောက်ပြီးနောက် ကောင်းကျိုးနှင့်ဆိုးကျိုးများတွင် သန်ချဆေးဖြစ်သည့်အတွက်ကြောင့် ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ်မူးတတ် ၊ ပျို့အန်တတ်ပြီး ၎င်းဆေးများတွင်လည်း ဆိုးဝါးသော ဘေးထွက်ဆိုးကျိုးများ မရှိပါကြောင်း အစာစားပြီး ၁ နာရီအကြာမှသာ စ၍ သောက်နိုင်ပြီး ဆေးသောက်ပြီးလျှင်လည်း အိပ်စက်အနားယူလိုက်လျှင် ပို၍ကောင်းမွန်တတ်ပါကြောင်းနှင့် ဆေးသောက်ပြီးလှုပ်ရှားမှုများလျှင် အနည်းငယ်မူးဝေ အော့အန်တတ်ကြောင်း၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သောက်သုံးရမည့်ဆေးသုံးမျိုးတွင် အိုင်ဗာမက်တင်(Ivermectin)၊ ဒီအီးစီ( DEC) ၊ အယ်ဘန်ဒါဇော (Albendazole) ဆေးဝါးများဖြစ်ပြီး မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ ကာကွယ်ဆေးအား တစ်ပြိုင်နက်တည်း တိုက်ကျွေးလျက် ရှိကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)