ကျိုက်ထိုမြို့နယ်တွင်လက်ထောက် မူ/ပြဆရာ၊ဆရာမများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင်လက်ထောက် မူ/ပြဆရာ၊ဆရာမများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဆင်း





MNP   -   ဖေဖော်ဝါရီ  ၁၃

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် လက်ထောက် မူ/ပြဆရာ၊ဆရာမများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ (၁၃)ရက် မွန်းလွဲပိုင်းကအမှတ်(၁) အခြေခံပညာအထက်တန်း  ကျောင်းရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


       ရှေးဦးစွာ ကျိုက်ထိုခရိုင်ပညာရေးမှူးဦးခိုင်ထွန်းက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ကျိုက်ထိုမြို့နယ် ပညာရေးမှူးဦးမောင်ညိုက ဆရာဆရာမများသည်မိမိတာဝန်ကျရာကျောင်းများတွင် ဆရာ့ကျင့်ဝတ်နှင့်အညီ နေထိုင်ကြရန်နှင့် ဆရာ့ကျင့်ဝတ်အား ရှင်းလင်းပြောကြားခဲ့သည်။


         ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်)ဦးရဲနိုင်အောင်မှ ဆရာဆရာမများအားအလုပ်ခန့်အပ်လွှာနှင့်သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။


     အဆိုပါသင်တန်းတွင်ကျိုက်ထိုမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌လိုအပ်လျှက် ရှိသည့်  လက်ထောက် မူ/ပြ ဆရာ၊ဆရာမ (၁၀) ဦးအားခန့်အပ်၍သင်ရိုးညွှန်းဘာသာရပ်များကို(၆)ရက်ကြာသင်ကြားပို့ချခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)