မြောက်ဦးမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး သန်ချဆေးပေါင်းတိုက်ကျွေးခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး သန်ချဆေးပေါင်းတိုက်ကျွေးခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိ




MNP   -     ဖေဖော်ဝါရီ  ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေးအတွက် သန်ချဆေး ပေါင်းများတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီကအချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာန မှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်၍ ကွင်းဆင်းတိုက်ကျွေးခဲ့ ကြောင်းသိရသည်။


ထို့နောက် ကာကွယ်ဆေးသောက်ပြီးနောက် ကောင်းကျိုးနှင့်ဆိုးကျိုးများတွင် သန်ချဆေးဖြစ် သည့်အတွက်ကြောင့် ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ်မူးတတ် ၊ ပျို့အန်တတ်ပြီး ၎င်းဆေး များတွင်လည်း ဆိုးဝါးသော ဘေးထွက်ဆိုးကျိုးများ မရှိပါ။ အစားအစာစားပြီး ၁ နာရီအကြာမှသာ စ၍ သောက်နိုင်ပြီး ဆေးသောက်ပြီးလျှင်လည်း အိပ်စက်အနားယူလိုက်လျှင် ပို၍ကောင်းမွန်တတ်ပါသည်။ 


ဆင်ခြေထောက်ရောဂါသည် သွေးကြောတွင်းတွင်နေသော သန် ကောင် အမျိုးအစား ကပ်ပါးပိုးကြောင့် ဖြစ်ပွားတတ်သည်။ ခြင်မှတစ်ဆင့်လည်း ကူးစက်တတ်ပြီး ဆင် ခြေထောက် ရောဂါပိုးကို သယ်ဆောင်သော ခြင်သည် ရေပုပ်ရေသိုးအိုင်များ၊ ရေစီးရေလာ  မ ကောင်း သော ရေ မြောင်း ပုပ်များ၊ ရေဆိုးကျင်းများ ၊ မလုံခြုံသော အိမ်သာကျင်းတွင် ပေါက်ပွား လေ့ရှိသည့် စသောအကြောင်းအရာများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မသောင်းစိန် ထံမှ သိရသည်။


အဆိုပါ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်း တွင် အိုင်ဗာမက် တင်(Ivermectin)၊ ဒီအီးစီ( DEC) ၊ အယ်ဘန်ဒါဇော (Albendazole) ဆေးဝါးသုံး မျိုးပေါင်း စပ်သော ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး သန်ချဆေး ပေါင်း တိုက်ကျွေးခြင်း မြို့ပေါ်ရပ် ကွက်များသို့ သွားရောက်၍ ကာကွယ်ဆေးအား တစ်ပြိုင်နက်တည်း တိုက်ကျွေးလျက် ရှိကြောင်း သိရှိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)