ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြောပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြောပြိုင်ပွဲကျင်းပ





MNP   -   ဖေဖော်ဝါရီ ၁၀

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


   ပုံပြောပြိုင်ပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းတန်အောင်က ကျောင်းသား/သူများအနေဖြင့် ပြည်သူ့စာ ကြည့်တိုက် နှင့်ရင်းနှီးကျွမ်းဝင်လာပြီး ကျောင်းအားလပ်ချိန်များတွင် စာပေဖတ်ရှုတတ်သည့် အလေ့အထ ကောင်းများ ပိုမိုရရှိလာစေရန်နှင့်ပုံပြောပြိုင်ပွဲတွင် လိုက်နာရမည့် အမှတ်ပေးစည်းကမ်းချက် များကို ရှင်းလင်းပြောကြားခဲ့သည်။


 ထိုနောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ပုဏ္ဏားကျွန်းမြို့ မူလွန်(မြို့သစ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူများကို ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)