အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့အမ်းခရိုင်၊အမ်းရိုးမပေါ်မှ ဒေသခံ တိုင်းရင်းသားပြည်သူများကို ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင် ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့အမ်းခရိုင်၊အမ်းရိုးမပေါ်မှ ဒေသခံ တိုင်းရင်းသားပြည်သူများကို ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင် ရွက်




MNP   -   ဖေဖော်ဝါရီ ၁၀                                                  

 ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေး ရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မင်း ဦးဆောင်၍ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေး မှူးများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းကလိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။


 ထိုသို့ကျန်းမာရေးစောင့်ရှောက်မှု လုပ် ငန်းများဆောင်ရွက်ပေးလျက်ရှိရာ မျက်စိရောဂါ(၃၈)ဦး၊ သွားရောဂါ(၃၂)ဦး၊ ခွဲစိတ်ရောဂါ(၃၁)ဦး၊ နား၊ နှာခေါင်း၊လည် ချောင်းရောဂါ(၁၀)ဦး၊ဖျားနာရောဂါ(၇၃)ဦး၊ကလေး(၃၀)ဦး၊ သား ဖွား/မီးယပ်(၁၆)ဦး၊အရိုး ၊အကြော(၇၂) ဦး၊စုစုပေါင်းလူနာ ၃၀၂ ဦး အား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ECG နှင့်  အမ်ထရာဆောင်းတို့ဖြင့်  ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင် ရွက်ပေးလျက်ရှိသည်။ 


အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု လုပ် ငန်းများဆောင်ရွက်နေမှုအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန် ရှိသူများ၊ ခရိုင်အုပ် ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးပြီးဒေသခံပြည်သူများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူများအားနယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံနိုင်ရေးအတွက်တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး ဆင်ခုံတိုင်ကျေးရာ ထေရဝါဒ ဗုဒ္ဓသာ သနာပြုကျောင်း ဆရာ တော် ဘဒ္ဒန္တ သုဂန္ဓ အားလှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့ကြောင်းသိရှိသည်။  


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)