ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာအထက​​ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာအထက​​ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ






MNP   -    ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပေါက်တောမြို့နယ် သဝင်ချောင်း​​ကျေးရွာ အထကကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုး နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်း တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ဦးဆောင်ဆွေးနွေးကာ Grade -8မှ ကျောင်းသူ မအေးအေးစိုး က လူငယ်နဲ့ရည်မှန်းချက်၊ Grade-8မှကျောင်းသူ မ​ဖြိုးလေးဝေက လူငယ်နဲ့စာရိတ္တ၊ Grade- 8မှ ကျောင်းသား မောင်နေဇင်ငြိမ်း က လူငယ်နဲ့​​ ကြီးပွားရေး၊ Grade-8မှ ကျောင်းသားမောင်ကျော်ငြိမ်းစံ က လူငယ်နဲ့အားကစားအစရှိသည့်ခေါင်းစဉ်ပါအကြောင်းအရာများကိုဆွေးနွေးကြသည်။


ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူ လေး ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ်ရှိ အထက(သဝင်ချောင်း)ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ၁၀၀ ဦးခန့် တက်ရောက်ကြသည်။


ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်တို့ကိုကြည့်ရှုကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)