MNP - ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ကျောက်ဆည်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “မူးယစ်ဆေးရန်တို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်”၊ “မူးယစ်ကင်းစင်တို့ပြည်တစ်ခွင်၊ သာယာလှပလူမှုဘဝ” ၊ “ငါတို့အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့” ၊“မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့”၊“လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှတိုက်ဖျက်ကြ” ၊“မိသားစုနွေး ထွေးမှုဖြင့် မိမိတို့ရင်သွေးများအား မူးယစ်ဆေးဝါန္တရာယ်မှကာကွယ်ကြစို့” ၊“လူသားချင်းစာနာကျန်းမာဖို့၊စိန်ခေါ်မူးယစ် တိုက်ဖျက်စို့” စသည့် ပြိုင်ပွဲဝင်ဆောင်ပုဒ်များဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျုတာပန်းချီပြိုင်ပွဲများ ကျင်းပြုလုပ်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များမှ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည့်အစီအစဉ်များအား ပြန်လည်တင်ပြဆွေးနွေးခဲ့ရာ ဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment