မိုးမောက်မြို့ အ.မ.က(မံပုံ-မူလွန်) ကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမောက်မြို့ အ.မ.က(မံပုံ-မူလွန်) ကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ အ.မ.က (မံပုံ-မူလွန်) ကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်း ထွေးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က နယ်လှည့်အသိပညာ ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ နယ်လှည့်အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက စာပေဖတ်ရှုခြင်း၊ စာကြည့်တိုက် အမျိုးအစားနှင့် စာဖတ်ခြင်းအကျိုးကျေးဇူး စသည်တို့ကို ကျောင်းသား/သူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် စာဖတ်စွမ်းရည် တိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ပုံပြင် သာဓကများဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို မိနစ်(၃၀)ခန့် ရုပ်ပြစာအုပ်၊ တေဇရုပ်စုံ စာအုပ်များ ဖတ်ရှုစေခဲ့ကြောင်း သိရသည်။


လွန်းနန်းထွေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)