မအူပင်တက္ကသိုလ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ ပဒေသာကပွဲနှင့် ဝတ်စားဆင်ယင်မှုပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်တက္ကသိုလ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ ပဒေသာကပွဲနှင့် ဝတ်စားဆင်ယင်မှုပြပွဲ ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို တိုင်းရင်းသားရိုးရာ ပဒေသာကပွဲနှင့် ဝတ်စားဆင်ယင်မှုပြပွဲကို ယမန်နေ့နံနက်ပိုင်းက မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးက အဖွင့်အမှာစကား ပြောကြားပြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများက ဧရာဝတီရဲ့ အလှပန်းတို့တက္ကသိုလ်ရိပ်နန်း သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ဝိဇ္ဇာသိပ္ပံဘာသာရပ် အားလုံးမှ ကျောင်းသား/သူများက ထာဝရမြန်မာသီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။


ဆက်လက်၍ ဒဿနိကဗေဒဌာနမှ မွန်ရိုးရာအက၊ ဘူမိဗေဒဌာနမှ သင်္ကြန်မိုးသီချင်း၊ ပထဝီဝင်ဌာနမှ ရခိုင်မုနိဗုဒ္ဓပူဇနိယတေးသီချင်း၊ ရုက္ခဗေဒဌာနမှ ပြည်ထောင်စု အင်အားတေးသီချင်း၊ သမိုင်းဌာနမှ မောရှမ်းမြေမှဖိတ်ခေါ်သံသီချင်း၊ ဓာတုဗေဒဌာနမှ ဦးရွှေရိုးနှင့် ဒေါ်မိုး၊ မြန်မာစာဌာနမှ ထာဝရသစ္စာတေးသီချင်းနှင့် ကရင်ဒုံးယိမ်းအက၊ အရှေ့တိုင်းပညာဌာနမှ မင်္ဂလာပါတေးသီချင်း၊ ရူပဗေဒဌာနမှ ပြည်ထောင်စု၏ ထာဝရအလှ၊ သတ္တဗေဒဌာနမှ ကရင်ဒုံးယိမ်းအက၊ စီးပွားရေးပညာဌာန+ဥပဒေပညာဌာနမှ လောကအားမာန်တေးသီးချင်း၊ သင်္ချာဌာနမှ ကယားရိုးရာအက၊ အင်္ဂလိပ်စာဌာနမှ အလှကမ္ဘာမြေတေးသီချင်းများ တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဝိဇ္ဇာသိပ္ပံဘာသာရပ်အားလုံးမှ ကျောင်းသား/သူများက ခေတ်လေးခေတ်ဝတ်စား ဆင်ယင်ထုံးဖွဲ့မှုအား သရုပ်ဖော် တင်ဆက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)