ကျောက်ဖြူမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတပ်ဆင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတပ်ဆင်




MNP   -   ဖေဖော်ဝါရီ  ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ ဒေသခံပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေ ရေးအတွက် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတပ်ဆင်ခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ  လူသွားလူလာများသည့်နေရာများ၌ တပ်ဆင်ဆောင်ရွက်သည်။ 


ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့၊ အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ် ဖွဲ့စုမှူး ရဲအုပ်မျိုးသီဟ ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် လမ်းဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးခင်မောင်ဖြိုး ဦးဆောင်သည့်ဝန်ထမ်းများက ရုံးတက်လမ်း၊ ကမ်းနားလမ်း၊ ငလပွေ့လမ်း စသည့် မြို့ပေါ်ရပ်ကွက်များရှိ လူသွားလူလာများသည့်လမ်းများနှင့် ကျောက်ဖြူ-ရန်ကုန် အဝေးပြေးကားလမ်းမတန်းတလျောက်တို့၌ အဆိုပါ လမ်းညွှန်များ၊ လမ်း အမှတ်အသားများနှင့် အချက်ပြများကို တပ်ဆင်ခဲ့သည်။


ကျောက်ဖြူမြို့၊ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစေ ရေးနှင့်  ၂၀၂၂ ခုနှစ်ပါ ပြဋ္ဌာန်းချက်များအား  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခြင်း၊ အခြေခံပညာကျောင်းများ၌ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေး Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊  လမ်းညွှန်များ၊ အမှတ်အသားများတပ်ဆင်များကို ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။


တင်ထွန်းဦး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)