ကျိုက်ထိုမြို့နယ်တွင် ကလေးသူငယ်အ ခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ကလေးသူငယ်အ ခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်




MNP   -    ဖေဖော်ဝါရီ ၁၄

  မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူမှုဝန် ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အ ရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြား

ရေးန‌င့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


    အခမ်းအနားတွင်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်သန်းသန်းစိုးကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာလွင် မှ ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်က‌လေးသူငယ်များအား အကြမ်းဖက်ခြင်းမှကာကွယ်နိုင်မည့် နည်းလမ်းများအားရှင်းလင်းပြောကြားခဲ့သည်။


    ဆက်လက်၍ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူခင် က ကလေးသူငယ် ဥပဒေ ပြဌာန်းချက်များအား ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်း အဆင့်(၃)ဒေါ်ငုရတနာသိန်းမှ ကလေး သူငယ် အခွင့်အရေးများဥပ‌ဒေဆိုင်ရာ (၂၀၁၉)မှပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ကလေးသူငယ် အခွင့်အရေးများနှင့် ကလေးသူငယ်များလိုက်နာရမည့်စည်း ကမ်းများ၊ကလေးသူငယ်များအပေါ်ကျရောက်နိုင်သည့်အန္တရာယ်ကို ကာကွယ်နိုင်မည့်နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)