ချောက်​မြို့တွင် သဘာဝ​ဘေးအန္တရာယ် အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်​မြို့တွင် သဘာဝ​ဘေးအန္တရာယ် အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ




MNP   -   ဖေ​ဖော်ဝါရီ ၁၄

မ​ကွေး​တိုင်း​ဒေသကြီး၊​​ ချောက်ခရိုင်၊​ ချောက်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်​နေ့မွန်းလွဲ ၃နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာမြို့နယ်​ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦး​စောမြ​ဖောင်းက သဘာဝ​ဘေးသည်မ​မျှော်မှန်းနိုင်သည့် အ​ခြေအ​နေအချိန်ခါတွင်လည်း ဖြစ်​ပေါ်နိုင်​ကြောင်း၊ သဘာဝ​ဘေးဖြစ်​ပေါ်လာပါက ကြိုတင်ပြင်ဆင်လိုက်နာ​ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ငလျင်​ဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်​နေစဥ်တွင်လိုက်နာရန် အချက်များနှင့်ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီး​နောက်ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ နှင့်နောက်ဆက်တွဲဖြစ်လာနိုင်သည့် ရေဘေးနှင့်ပတ်သက်သည့် အ​ခြေခံအ​ကြောင်းတရားများ၊ သတိပြုရမည့်အချက်များ၊ ကြိုတင်ကာကွယ်နည်းများ၊​ ရေ​​ဘေးဖြစ်လျှင်​ဆောင်ရွက်ရမည့်အချက်များနှင့်​ ဖြစ်​ပြီး​နောက် ဆောင်ရွက်ရမည့်အချက်များကို​ ဟော​ပြောခဲ့သည်။


အဆိုပါ အသိပညာ​ပေး​ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့​ပေါ်ရပ်ကွက်များမှ အုပ်ချုပ်​ရေးမှူးနှင့် ရာအိမ်မှူးများတက်​ရောက်ခဲ့ပြီး​ ဟော​ပြောပွဲတက်​ရောက်သူများအား မြို့နယ်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝ​ဘေးနှင့်ပတ်သက်သည့် အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးအပ်ခဲ့​ကြောင်း သိရသည်။


ကျော်မိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)