မိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၅၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၅၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့


MNP   -  ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်၊(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၅၅)ဦးအား ယမန်နေ့နံနက်ပိုင်းက လူမှုရေးပင်စင် ထောက်ပံ့ ပေးခဲ့သည်။


ယင်းလူမှု‌ ရေးပင်စင်ထောက်ပံ့ငွေကို မြို့နယ်အမျိုးသမီး ရေးရာနှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ လူမှုဝန်ထမ်းဌာန၊ သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ဘိုးဘွား(၅၅)ဦးတို့၏ နေအိမ်လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိသည်။ အဆိုပါ ထောက်‌ပံ့ငွေသည်  လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်လလျှင် ဘိုးဘွားတစ်ဦးကို လူမှုရေးပင်စင် (၁၀၀၀ဝိ) ကျပ်နှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် ဘိုးဘွားများထံသို့အရောက်ထောက်ပံ့ ပေးခြင်းဖြစ်သည်။ ယင်ထောက်ပံ့ပေးမှုမှာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် တတိယအကြိမ်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှသိရပြီး လူမှုရေးပင်စင်ထောက်ပံ့‌ငွေနှင့်အတူ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းက ဘိုးဘွားများကို အိမ်ရာခင်းဆောင်ထူ တစ်ထည်နှုန်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


ဝင်းဝင်းခိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment