မဘိမ်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်အစုအဖွဲ့များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေကျပ် ၅၉ ဒသမ ၃ သန်း ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဘိမ်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်အစုအဖွဲ့များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေကျပ် ၅၉ ဒသမ ၃ သန်း ထောက်ပံ့ပေးအပ်




MNP   -     ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်အစုအဖွဲ့များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေများပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ချေးငွေများထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လှဧကရီမျိုးစေ့ထုတ် လုပ်ဖြန့်ဖြူးရောင်းချရေးသမအသင်းသို့ စပါးမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် ချေးငွေ ၂၇ ဒသ မ ၉ သန်း၊ ရွှေနေကြာလုပ်ငန်းအစုအဖွဲ့သို့ နေကြာစိုက်ပျိုးရေးလုပ်ငန်းအတွက် ချေးငွေ ၁၂ ဒသမ ၆ သန်း၊ ကျောက်စိမ်းလုပ်ငန်းအစုအဖွဲ့သို့ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းအတွက် ချေးငွေ ၄ ဒသမ ၈ သန်းနှင့် တိုးတက်အောင်ဝက်မွေးမြူရေးအစုအဖွဲ့သို့ ဝက်မွေးမြူရေးလုပ်ငန်းအတွက် ချေးငွေ ၁၄ သန်း၊ စုစုပေါင်းချေးငွေ ၅၉ ဒသမ ၃ သန်းကို မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်အစုအဖွဲ့များထံသို့ ချေး ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မျိုးမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)