ကျုံပျော်မြို့ မြတ်ချမ်းသာဘုရားကြီးနှင့် ရတနာရံသီ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ထီး‌တော်နှင့် ဘက်စုံ မွမ်းမံ ပြုပြင်ရန် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့ မြတ်ချမ်းသာဘုရားကြီးနှင့် ရတနာရံသီ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ထီး‌တော်နှင့် ဘက်စုံ မွမ်းမံ ပြုပြင်ရန် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ



MNP  -   ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြို့ကျက်သရေဆောင် မြတ်ချမ်းသာဘုရားကြီးနှင့် ရတနာရံသီ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ကြီးတို့ကို အသစ်တင်လှူ ပူဇော်ခြင်း၊ ရွှေသင်္ကန်း တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ အရန်စေတီတော်များ ထီးတော်အသစ်တင်လှူခြင်းနှင့် ဘက်စုံမွမ်းမံပြုပြင်မှု ကုသိုလ်တော်များအတွက်  အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကို  ကျုံပျော်မြို့၊ မြဝတီရပ်ကွက်ရှိ၊ မြတ်ချမ်းသာ ဘုရား တန်ဆောင်းတော်ကြီးအတွင်း၌ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ လှူဒါန်းပွဲသို့ တက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက လှူဒါန်းမှုအစုစုနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။


ထို့နောက် အလှူရှင်များ ဖြစ်ကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ကျုံပျော်ခရိုင်အတွင်းမှ ဌာနဆိုင်ရာများနှင့် အလှူရှင် အသီးသီးတို့က စုစုပေါင်း လှူဒါန်းငွေကျပ် (၁၈၅၄၁၆၀၀) အား ပေးအပ်လှူဒါန်းရာ၊ မြတ်ချမ်းသာ ဘုရားကြီး ဂေါပကအဖွဲ့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


ထို့နောက် လှူဒါန်းမှု အစုစုတို့အတွက် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားအား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment