လွိုင်လင်-မိုင်းပွန်ကားလမ်းပိုင်း လုပ်ငန်းဆောင်ရွက်မှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်-မိုင်းပွန်ကားလမ်းပိုင်း လုပ်ငန်းဆောင်ရွက်မှုစစ်ဆေး


MNP  -   ဖေဖော်ဝါရီ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး-မိုင်းပွန်-လွိုင်လင်-နမ့်စန် ပြည်ထောင်စုကားလမ်းမကြီး လမ်းပိုင်းအား နေမင်းရောင်ကုမ္ပဏီက BOT စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ လွိုင်လင်-မိုင်းပွန် လမ်းပိုင်းအတွင်း လမ်းလုပ်ငန်းဆောင်ရွက်နေမှုအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်တာဝန်ရှိသူများမှ ဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လမ်းမကြီးတစ်လျာက်ပြုပြင် ဆောင်ရွက်ဆဲလုပ်ငန်းများ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လမ်းဦးစီးမှူး တို့ကကွင်းဆင်း စစ်ဆေးကြပြီး မှာကြားရာတွင် လမ်းဂွေ့များ၌ လမ်းတာဘောင်ချဲ့ခြင်း၊ လမ်းချိုင့်ခွက်များ ဖာထေးခြင်း၊ လမ်းဘေးဝဲယာ ခြုံနွယ်များရှင်းလင်းခြင်း၊ လမ်းဘေးရေမြောင်းများတူးဖော်ခြင်း၊ သတ်မှတ်လမ်းအကျယ်အတိုင်း ပြည့်မီရေးဆောင်ရွက်ရန်၊ စီမံကိန်းတွင်ပါဝင်သည့် လမ်းတံတားများကို ပွင့်လင်းရာသီအတွင်း ဆောင်ရွက်ကြရန် နေမင်းရောင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာဦးသန်းဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာများကို မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment