အ.ထ.က (ဘီးလင်း)ကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့ သရုပ်ပြသခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.က (ဘီးလင်း)ကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့ သရုပ်ပြသခြင်းများဆောင်ရွက်


MNP  -   ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ (ဘီးလင်း) ယာဉ်ထိန်းတပ်ဖွဲ့စိတ်နှင့် ပညာရေးဌာနတို့ပူး​ပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(ဘီးလင်း) ပညာ့အားမာန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စနစ်တကျမီး သုံးစွဲရေးနှင့် မီးသတ်ဆေးဘူးစနစ်တကျ ကိုင်တွယ်အသုံးပြုနည်းများကိုလည်းကောင်း၊ ယာဉ်ထိန်းတပ်ဖွဲ့စိတ်(ဘီးလင်း)မှ ရဲအုပ် သန်းထွန်းနိုင် က ကျောင်းသား၊ ကျောင်းသူများအား လိုက်နာဆောင်ရွက်ရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်နှင့် မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်း စာစောင်များကို ​ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။


ထို့နောက် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ပုံများကို လက်တွေ့လုပ်ဆောင်ပြသခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


ထူးနောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)