မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


MNP  -   ဖေဖော်ဝါရီ  ၁၄

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အမှတ်(၁)ရပ်ကွက်၊ မိခင်နှင့်ကလေး မူလတန်းကြိုကျောင်းမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ကျည်တောင်ကန်အမှတ်(၁) အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။ ​ရှေးဦးစွာ ကျည်တောင်ကန်အမှတ်(၁) အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများတွင် ကလေးများ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်၊ ကလေးများအားလုံး ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်၊ ကလေးများအနေဖြင့် ကာယစွမ်းရည်သာမက ဉာဏစွမ်းရည်များပါ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ကျည်တောင်ကန်အမှတ်(၁) မူလတန်းကြိုကျောင်းမှ  ကလေးငယ်များက အကပဒေသာများ ဖျော်ဖြေတင်ဆက်ခြင်း၊ ပုံပြင်နှင့်ကဗျာ​ရွတ်ပြိုင်ပွဲများ ပြုလုပ်ရာ  တာဝန်ရှိသူသများကဆုများနှင့် ဆုလက်​ဆောင်များ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


သန္တာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)