ကျောက်ဖြူခရိုင်တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင်တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ



MNP    -     ဖေဖော်ဝါရီ  ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံး ကျောက်ဖြူ မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါမူလတန်းကြိုကျောင်းတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ထွန်းက ပြိုင်ပွဲ များကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဉာဏစွမ်းရည်ပြိုင်ပွဲအား ကျင်းပခဲ့ရာ ကျောက်ဖြူ မြို့ပေါ်ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ မိခင်ဝိုင်းမူကြိုနှင့် ကိုယ့်အားကိုယ်ကိုးမူကြိုများမှ သားငယ်၊ သမီးငယ်များ ဝင်ရောက်ယှည်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲအား ဖေဖော်ဝါရီလ (၁၂) ရက်နှင့် (၁၃) ရက် (၂) ရက်ကျင်းပခဲ့ရာ  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် မိခင်ဝိုင်းမူကြို (၁၄) ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုးမူကြို (၁၁) ကျောင်းများမှ သားငယ်သမီးငယ် ၂၁၈ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။


ထို့နောက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲစဉ် (၂၆) ခုတွင် ပါဝင်ယှဉ်ပြိုင်ကျသော ကလေးငယ်များ အား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ထွန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်း၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုမြင့်နှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများရှိသူများအား အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။  အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊  မိခင်ဝိုင်းမူကြိုနှင့် ကိုယ့်အားကိုယ်ကိုး မူကြိုများကျောင်းများမှ ဆရာမများနှင့် ကလေးများ၏ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment