ကျောက်ပန်းတောင်းမြို့နယ် မြိုင်သာယာကျေးရွာတွင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းများမှ လိုအပ်သည်များ ပံ့ပိုးကူညီပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် မြိုင်သာယာကျေးရွာတွင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းများမှ လိုအပ်သည်များ ပံ့ပိုးကူညီပေး



MNP   -  ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဈေးကုန်းကျေးရွာအုပ်စု မြိုင်သာယာကျေးရွာတွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက် (၈) နာရီမှစတင်၍ ဒေသခံပြည်သူများ၏ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ကလေးရောဂါများ၊ အမျိုးသမီးသားဖွားမီးယပ်ရောဂါများနှင့် အထွေထွေရောဂါများကို စစ်ဆေးကုသပေးလျက်ရှိရာ အဆိုပါဆေးကုသရာသို့ မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောက်ပန်းတောင်းမြို့နယ်မှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းဝင်များက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့နယ်  မြိုင်သာယာကျေးရွာရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆေးပညာရှင်များအား မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုးနှင့် နယ်မြေခံတပ်နယ်မှ တာဝန်ရှိ သူများက လာရောက်တွေ့ဆုံ၍ ဆေးကုသပေးနေမှုလုပ်ငန်းများနှင့် ဆေးကုသမှုခံယူရန် ရောက်ရှိနေကြ သည့် ဒေသခံပြည်သူများအား  လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့အပြင် ကျောက်ပန်းတောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိနေကြသည့် ဒေသခံပြည်သူများအား ခရီးဦးကြိုပြု နေရာချထားခြင်း၊ လိုအပ်သည်များ ပံ့ပိုးကူညီခြင်းနှင့် ထမင်းဘူးများ/ ရေသန့်ဘူးနှင့် မုန့်များ ဝေငှခြင်းမျာကို ကူညီအားဖြည့်ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အနေဖြင့် နံနက် (၈) နာရီမှ ညနေ (၄) နာရီအချိန်အထိ မျက်စိခွဲစိတ်ကုသခြင်း(၁၀၈)ဦး၊ အရိုးအကြောကုသခြင်း (၂၂၉) ဦး၊ နားနှာခေါင်း၊ လည်ချောင်း ကုသခြင်း(၅၀)ဦး၊ သွားနှင့်ခံတွင်းကုသခြင်း (၉၀) ဦး၊ သားဖွားမီးယပ်ကုသခြင်း (၃၇) ဦး၊ ကလေး ကျန်းမာရေးကုသခြင်း (၂၂) ဦးနှင့် အထွေထွေရောဂါ (၃၇၅) ဦး စုစုပေါင်းဒေသခံပြည်သူ(၉၁၁)ဦးတို့အား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နေအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)