ဘီးလင်းမြို့နယ် အ.ထ.က(ကဇိုင်း​)ကျောင်းနှင့် အ.လ.က(ဗိုလ်တေဇ) ကျောင်းများ၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ် အ.ထ.က(ကဇိုင်း​)ကျောင်းနှင့် အ.လ.က(ဗိုလ်တေဇ) ကျောင်းများ၌ လူငယ်စကားဝိုင်းကျင်းပ



MNP   -   ဖေဖော်ဝါရီ  ၁၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့် ကာယပညာဦးစီးဌာနဌာန၊ ပညာရေးဌာန တို့နှင့်ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်က ဇိုင်းကျေးရွာ အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဘီးလင်းမြို့နယ် အ.ထ.က ကဇိုင်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း မြို့အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းရွှေက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ အ.ထ.က ကဇိုင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄ ဦးတို့က ၎င်းတို့လေ့လာ ဖတ်ရှုထားသော စာအုပ်များမှ လူငယ်ရေးရာအကြောင်းအရာများကို ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလို့သည်များ မေးမြန်ဆွေးနွေးခြင်း၊ အကြံပြုပြောကြာခြင်း၊ ပြန်လည်ဖြေကြားခြင်းတို့ကို စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အလားတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် အ.လ.က(ဗိုလ်တေဇ)ကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြပြီး၊ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ထူးနောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment