MNP - ဖေဖေါ်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မြန်နိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏနှင့် စာရိတ္တ ထူးချွန်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညက ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့းဦးစီးမှူး ဦးဉာဏ်လင်းက အဖွင့်အမှာစကား ပြောကြားပြီး မူကြိုကျောင်းဖြစ်မြောက်ရေးကော်မတီဝင်နာယက ဆရာဦးလှရွှေနှင့် ဦးထိန်ဝင်းတို့မှ မူကြိုကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းနှင့်စပ်လျင်း၍ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မူကြိုကျောင်း တာဝန်ခံ ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကာယ၊ ဉာဏ၊ စာရိတ္တထူးချွန်ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို သားငယ်/သမီးငယ်လေးများအား ဌာနဆိုင်ရာများနှင့် တာဝန်ရှိများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး သားငယ်/သမီးငယ်လေးများက အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့သည်။ အဆိုပါ အခန်းအနားသို့ ဌာနဆိုင်ရာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ဆရာမများနှင့် ကလေးများ၏ မိဘများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment