(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်မှုဇုန်ထုတ် ကုန်ပစ္စည်းများ စျေးရောင်း ပွဲတော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆိုင်ခန်းပေါင်း(၃၈၅)ခန်းအထိ ပြသရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်မှုဇုန်ထုတ် ကုန်ပစ္စည်းများ စျေးရောင်း ပွဲတော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆိုင်ခန်းပေါင်း(၃၈၅)ခန်းအထိ ပြသရောင်းချ







MNP  -   ဖေဖော်ဝါရီ    ၁၄

နိုင်ငံတော်၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက် စေရန်နှင့် ကုန်ချောထုတ်လုပ်နိုင်မှု စွမ်းအားများ ယခင်ကထက် ပိုမိုတိုးတက်မြင့်မားလာပြီး ပြည်တွင်း၌ လိုအပ်သော ကုန်ပစ္စည်းများကို အရည်အသွေးရှိစွာဖြင့် ပြည်တွင်း၌သာ ထုတ်လုပ်လာနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်မှုဇုန်ထုတ် ကုန်ပစ္စည်းများ စျေးရောင်းပွဲတော်ကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၄)ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ စျေးရောင်းပွဲတော် စတုတ္ထနေ့တွင် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက်ကုန်များ၊ ရိုးရာအစားအစာများ၊ စားသောက်ကုန်ပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းများ၊ တိုင်းရင်းဆေး အပါအဝင် ပြည်တွင်းထုတ်  ဆေးဝါးများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းပေါင်း(၃၈၅)ခန်းအထိ ပြသရောင်းချခဲ့ပြီး လာရောက်ဝယ်ယူအားပေးသူများဖြင့် တစ်ခဲနက် စည်ကားလျက်ရှိကြောင်း သိရသည်။


“ ပြည်သူတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှုဇုန်(၂၉)ခုမှ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ အပြင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှာရှိတဲ့ ထုတ်ကုန်ပစ္စည်းတွေကို တစ်နေရာထဲမှာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေဖို့အတွက်ရယ်၊ မိမိတို့နိုင်ငံမှာ ဒီလိုကုန်ပစ္စည်းတွေကို အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နေတယ်ဆိုတာကို ပြည်သူတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ပြည်ပအစားထိုး ပြည်တွင်းထုတ်ကုန် တွေကို ဝယ်ယူအားပေးနိုင်စေဖို့အတွက်ရယ်၊ လုပ်ငန်းရှင်တွေအနေနဲ့လည်း ပြည်ပကုန်ကြမ်းတွေ ဝယ်ယူမည့်အစား ပြည်တွင်းကုန်ကြမ်းကို အစားထိုး သုံးစွဲနိုင်မည့် အခွင့်အလမ်းများကို ပိုမိုသိရှိသွားပြီး B to B System တွေကို ဆောင်ရွက်ခွင့်ရရှိတဲ့ အကျိုးကျးဇူးများ ရရှိမှာဖြစ်ပါတယ် ” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။


(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်မှုဇုန်ထုတ် ကုန်ပစ္စည်းများ စျေးရောင်းပွဲတော်သို့ ယမန်နေ့ ညနေပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

" ဒီပွဲကို တီဗွီထဲမှာမြင်ပြီး လာရောက်ဖြစ်တာပါ။ ဒီပွဲတော်မှာ ရောင်းချတဲ့ ကုန်ပစ္စည်းတွေက ပြင်ပ ပေါက်စျေးထက် စျေးနှုန်းချိုသာတဲ့အပြင် စားသောက်ကုန်ပစ္စည်းတွေကလည်း သန့်ရှင်းလတ်ဆတ်မှုရှိပြီး ကုန်ပစ္စည်း မျိုးစုံကို တစ်နေရာထဲမှာ အများပြည်သူ လွတ်လပ်စွာ ဝယ်ယူနိုင်အောင် စီစဉ်ပေးတဲ့အတွက်လည်း ကျွန်မတို့ ပြည်သူတွေအနေနဲ့ အရမ်းကို အဆင်ပြေပါတယ်။ နောင်လည်း အခုလို စျေးရောင်းပွဲတော်တွေကို ထပ်မံပြုလုပ် ဆောင်ရွက်ပေးစေချင်ပါတယ် ” ဟု စျေးပွဲတော်သို့ မြောက်ဥက္ကလာပမြို့နယ်မှ လာရောက်လည်ပတ်သူ ပြည်သူ တစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)