စစ်တွေမြို့ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP  -   ဖေဖော်ဝါရီ   ၂

စစ်တွေမြို့၊ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ယမန်နေ့ညနေပိုင်းက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် စစ်တွေမြို့ကမ်းနားလမ်း စာတိုက်ကြီးအနီးနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှေ့ကမ်းခြေတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းအမှိုက် ကောက်သန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြပြီး ရေသန့်နှင့်အစားအသောက်များကို ပေးအပ်ကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ကမ်းနားလမ်းတလျောက်၊ စစ်တွေပွိုင့်နှင့် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားလှည့်လည် ကြည့်ရှုအားပေးကြသည်။


အဆိုပါ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက စစ်တွေမြို့ စစ်တွေမြို့ကမ်းနားလမ်း၊ စာတိုက်ကြီးအနီးမှ စတင်ကာ ကမ်းနားလမ်းတလျောက်၊ စစ်တွေပွိုင့်နှင့် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေတို့တွင်  လမ်းဘေးဝဲယာရှိ စွန့်ပစ်အမှိုက်များ၊ ပလပ်စတိတ်အိပ်များ၊ ကမ်းခြေအနီးရှိ စွန့်ပစ်အမှိုက်ကို မြို့သန့်ရှင်းသာယာလှပရေးစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်း ရေး ဆောင်ရွက်ခဲ့ကြ သည်။


ထိုသို့ အမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေမြို့၊ ကမ်းနားလမ်းစာတိုက်ကြီးအနီးမှ စစ်တွေ ဟိုတယ်ကမ်းခြေအထိ နေရာ ၆ နေရာနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံးနေရာတို့တွင် လူဦးရေ ၅၀၀ ကျော်တို့က စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


တင်ထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)