MNP - ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယနေ့နေ့လယ်အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူလူငယ်များ လေ့လာ နိုင်ရန် ယမန်နေ့ နေ့လယ်အချိန်တွင် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲအားခင်းကျင်း ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး နံရံစာစောင်နှင့်ဓာတ်ပုံပြပွဲဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက ပြပွဲ၊ပြခန်းများ ပြသဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာလာမည့် ဖေဖော်ဝါ ရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကိုပြသဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲအားကျင်းပခဲ့ရာ ဓာတ်ပုံပြပွဲတွင်လွတ်လပ်ရေး ဗိသုကာအမျိုးသားခေါင်းကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လှုပ်ရှားမှုသမိုင်းဝင်ပုံရိပ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌လူထုစည်းရုံးရေးလှုပ်ရှားမှုများ ဟောပြောပွဲများနှင့် သမိုင်း ဝင်မှတ် တမ်းဓာတ်ပုံများနှင့်အတ္ထုပ္ပတ္တိများပြည်တောင်စုနေ့ဖြစ်ပေါ် လာပုံအမိုင်းအကျဥ်းများ၊ နံရံကပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲတတ်စေတတ်သောဆေးဝါးများ အန္တရာယ်အကြောင်းအရာများနှင့် ကလေးအလုပ်သမားများပပျောက်ရေးအတွက် ဥပဒေ အကြောင်းအရာများအား ဝေဝေဆာဆာဖြင့် ပြသဆောင်ရွက်ထားရှိခဲ့ရာစာပေမြတ်နိုးသူ ကျောင်းသား/ကျောင်းသူများနှင့်စာငှား စာဖတ်ပရိသတ်များက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြရာ မြို့နယ်ဦးစီးအရာရှိက သိရှိလိုသည်များအား လိုက်လံရှင်လင်းပြသခဲ့ ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment