မုလအိ တောင်တက်လမ်း ကွန်ကရစ်လမ်းအဆင့်မြှင်တင်ခြင်းများ စတင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မုလအိ တောင်တက်လမ်း ကွန်ကရစ်လမ်းအဆင့်မြှင်တင်ခြင်းများ စတင်ဆောင်ရွက်



MNP  -  ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့ တာနောထကျေးရွာ သမိုင်းဝင်ဆံတော်ရှင် မုလအိ တောင်တက်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများအား အလှူရှင်များမှ စုပေါင်းဆောင်ရွက်ကြသည်။


တာနောထကျေးရွာအဝင်တံတားမှ မုလအိတောင်ခြေ ဘုရားပေါ်ရင်ပြင် အောက်ခြေအထိ အရှည် ၁၀ မိုင် ၄ ဖာလုံခန့် ရှိသည်။ မုလအိတောင်တက်လမ်းခရီးသည် များသေ ာအားဖြင့် မြေသားလမ်းဖြစ်ပြီး ဘုရားဖူးရာသီကာလအချိန်တွင် တောင်တက်လမ်းတစ်လျှောက် ဖုန်များ ထူထပ်ခြင်း၊ အကွေ့အကောက်အလွန်များခြင်း မတ်စောက်ခြင်းများကြောင့် တောင်တက်ယာဉ်မောင်းသူများအနေဖြင့် သတိထားမောင်းနှင်ရမည့် ခရီးဖြစ်ပြီး ယခုအခါတွင် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းခြင်းများကြောင့် အရှည်၄မိုင်အထိ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား  ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။


မြေသားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ကျေးရွာအများမှ စုပေါင်းစွမ်းအားဖြင့် ဆောင်ရွက်ကြမည်ဖြစ်ပြီး စက်ယန္တရား အကူအညီများအား ရွှေလရောင်လင်းလင်း ကုမ္မဏီမှ လမ်းပြီးဆုံးသည်အထိ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ခန့်မှန်းတန်ဖိုးကုန်ကျငွေ မြန်မာကျပ်ငွေ သိန်းလေးထောင်ခန့် ကျခံသုံးစွဲမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အလှူရှင်များသာမက ထိုင်းနိုင်ငံမှ အလှူရှင်များလည်း ပါဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။


ပိုပိုအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)