ပေါက်ခေါင်းမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲကျင်းပ


MNP  -   ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြင့်မားရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊‌ ဟောပြောပွဲနှင့်စာအုပ်ပြပွဲကျင်းပခဲ့သည်။


ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ပြိုင်ပွဲ၊ ပြပွဲနှင့်‌ ဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံတော်ကြီး နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြရာတွင် ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူး နေ့မြတ်ကြီးဖြစ်ကြောင်း၊ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံတို့၏ သွေးစည်းညီညွတ်မှု သင်္ကေတဖြစ်‌သော ပြည်ထောင်စုစိတ်ဓာတ်၏အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကစတင်၍ ပြည်ထောင်စုအလံတော်လွှင့်ထူခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၇၆ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ပြည်‌ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာ‌ပေးဟောပြောခဲ့သည်။


ထို့နောက်အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က (ပေါက်ခေါင်း) Grade-8 မှကျောင်းသား/ ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ပထမ ၊ ဒုတိယ ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိသောကျောင်းသား/သူ များအား တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူ များအား (၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်များပြသခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)