ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ


MNP  -    ဖေဖော်ဝါရီ ၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အားကစားပြိုင်ပွဲများ ကို ယနေ့ နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာပေ၏တန်ဖိုးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောရာတွင် လူငယ်များအနေဖြင့် စာပေ၏တန်ဖိုးကိုသိရှိပြီး ကျောင်းစာသာမက ပြင်ပဗဟုသုတများ ရရှိစေမည့် သုတ၊ ရသ စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပူပေါင်းဖောက်၊ ခုံလု၊ အိပ်စွပ်၊ လွန်ဆွဲနှင့် အာလူးကောက်ပြိုင်ပွဲများ ဆက်လက်ပြုလုပ်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးတို့က ယှဉ်ပြိုင်ကစားကြသည်။


ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ လျှပ်စစ်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သတင်းရသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)